သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား (၈)မြို့နယ် အလွတ်တန်း အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

သာယာဝတီ  မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား (၈)မြို့နယ် အလွတ်တန်း အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက သာယာဝတီခရိုင် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အမျိုးသား (၂) ယောက်တွဲဖြင့် လက်ပံတန်းမြို့နယ်အသင်းက ပထမ၊ နတ်တလင်းမြို့နယ်အသင်းက ဒုတိယ၊ ကြို့ပင်ကောက်မြို့နယ်အသင်းက တတိယဆုများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး နန်းအေးခိုင်ကလည်းကောင်း ၊ အမျိုးသမီး (၂)ယောက်တွဲဖြင့် ကြို့ပင်ကောက်မြို့နယ်အသင်းက ပထမ၊ ဇီးကုန်းမြို့နယ်အသင်းက ဒုတိယ၊ သာယာဝတီမြို့နယ်အသင်းက တတိယဆုများကို မြန်မာ့အာမခံ လုပ်ငန်း ခရိုင်တာဝန်ခံ ဒေါ်စန်းစန်းလွင်က လည်းကောင်း၊ ပထမရရှိသွားသော ကြို့ပင်ကောက် မြို့နယ်အသင်းအား လမ်းဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်နီလာအောင်က ဖလားနှင့် ငွေသား ၂ သိန်းကျပ်အား လည်းကောင်း၊ အမျိုးသား(၃)ယောက်တွဲဖြင့် လက်ပံတန်းမြို့နယ်အသင်းက ပထမ၊ကြို့ပင်ကောက်မြို့နယ် အသင်းက ဒုတိယ၊ မင်းလှမြို့နယ်အသင်းက တတိယဆုများကို အရန်မီးသတ်တပ်ဖွဲ့ ဒု/တပ်ရင်းမှူး ဦးမောင်ကြိုင်က လည်းကောင်း ၊ အမျိုးသား၃) ယောက်တွဲဖြင့် ပထမဆုရရှိသွားသော လက်ပံတန်းမြို့နယ် အသင်းအား ခရိုင်အားကစားမှူး ဒေါ်သူဇာအောင်က ဖလားနှင့်ငွေသား ၂ သိန်းကျပ်အားလည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲဖြင့် ပထမဆုရရှိသွားသော လက်ပံတန်းမြို့နယ် အသင်းအား ဖလားနှင့် ငွေသား ၂ သိန်းကျပ်အား စံရွေးနယ်မြေ ရဲစခန်းမှူး ဒုရဲမှူး တင်မောင်းဝင်းက လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)