ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်နှံရေး စတင်လက်ခံ ဆောင်ရွက်

ရမည်းသင်း မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားခြင်းကြောင့် အခြေခံပညာ ကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ယနေ့ နံနက် ၉ နာရီစတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ကျောင်းအပ်နှံခြင်းကို စတင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ယခုအခါ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ကျ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာများ က မိမိတို့တာဝန်ကျရာ ကျောင်းများ၌ ကျောင်းအပ်နှံရေး လုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ခြင်း၊ နိုင်ငံတော်က ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ mask face shiele တို့ကို အခမဲ့ပေးအပ် ခဲ့ကြသည်။

ရမည်းသင်းမြို့နယ်တွင် အထက်တန်း ကျောင်း(၁၄)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၃)ကျောင်း၊ အလယ်တန်း ကျောင်း(၂၀) ကျောင်း၊ အလယ်တန်း ကျောင်းခွဲ(၂၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၃၂) ကျောင်း၊ မူလတန်းကျောင်း (၁၂၄)ကျောင်း၊ မူတန်းခွဲ(၁၁)ကျောင်း စုစုပေါင်း (၂၃၅)ကျောင်း ရှိကြောင်း မြို့နယ်အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)ရမည်းသင်း