ပဲခူး မေ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ် ရေး ကတ်ပြားများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဝင်းမြတ် ဦးဆောင်ပြီး ၃-၅-၂၀၂၁စတင်၍ စီမံချက်ကာလ(၁၈)လ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပဲခူးမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ရန် ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယခု လိုဆောင်ရွက်ရာတွင် အိမ်ထောင်စုဇယားမရှိသေးသည့် အိမ်ထောင်စုများ၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ် အကြားပြည်သူများ၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသောပြည်သူများကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ် ထံမှသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ကို ပဲခူးမြို့တွင် ရပ်ကွက်ကျေးရွာအုပ်စုများမှ လူဦးရေ(၁၀၀၀၀) ကျော်ရှိပြီး လူဦးရေ (၉၀၀)ဆောင်ရွက်ပြီးစီးကြောင်းသတင်းရရှိသည်။
ဌေးဌေးကြည်(ခရိုင်ပြန်/ဆက်)