ထန်းတပင်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက်ပေးအပ်

 

ထန်းတပင် မေလ ၂၄

မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့် အညီ အိမ် ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုးထုတ်ပေးရေး ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်ပေးခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် မေလ ()ရက်နေ့မှစတင်၍ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး မေလ(၂၃)ရက်နေ့၊ နေ့လယ်ပိုင်းက ကလိန်ကျေးရွာ အုပ်ချုပ် ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာ နေပြည်သူ များလက်ဝယ် အရောက် တာဝန် ရှိသူများ က ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ပေးအပ်ရာတွင်လည်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးကျော်သူက နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်း နှင့် နိုင်ငံသား စိစစ်ရေး ကတ် ပြားပြုလုပ် ဆောင်ရွက် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေပြည်သူ (၅၀)ဉီး တို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား(၅၀)ကို မြို့နယ်ဦးစီးမှူး ဦးမျိုးကျော်သူ နှင့် တာဝန် ရှိသူများ ကပေးအပ်ခဲ့ကြောင်းသိရသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ရာတွင်လည်း လက်ရှိ ဇာတိတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိကာ ကိုင်ဆောင်လက်မှတ်မရှိသူများနှင့် အိမ်ထောင်စု လူဦးရေ စာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင် ရွက်ပေး ခြင်းဖြစ်ကြောင်းသိရပြီး ရွေ့ပြောင်း နေထိုင် သူများအတွက်လည်း မူလဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်းရှိသော်လည်း လက်ရှိနေထိုင်ရာဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများနှင့် မူလ ဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းမရှိ ကိုင်ဆောင် လက်မှတ် မရှိသူများ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင် စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူများကိုဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရပြီး ထန်းတပင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား(၂၉၆)ကတ်ကိုပြုလုပ် ဆောင်ရွက်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)