ရန်ကုန် မေ ၁၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်း ဓာတ်အားပေးထားသော 33 kV ပဲခူးမြစ် ကျော် ဒဂုံဆိပ်ကမ်းဖီဒါ ဓာတ်အားလိုင်းကြိုးအား S.A.C ဓာတ်အားလိုင်းဖြင့်လဲလှယ် တည်ဆောက်ခြင်း လုပ်ငန်းကို ယနေ့ နံနက်(၁၀)နာရီမှ နေလယ် (၂) နာရီအတွင်း လုပ်ငန်းဆောင်ရွက်သွား မည်ဖြစ် ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပရေးရှင်းက မေ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ရပ်ကွက်နေရာ အချို့တို့တွင် မေ ၁၉ ရက် (ယနေ့) တွင် ယာယီဓာတ်အား ပြတ်တောက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အများပြည်သူထံသို့ လေးစားစွာ အသိပေးပန်ကြားထား ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)