ကျောက်တန်း မေ ၁၉
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်တောင် ပိုင်း ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု အင်ဂျင်တစ်လုံးထိုး စက်ပြင်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက တံတားမြို့ သက်မွေးပညာသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကျောက်တန်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က ယခုသင်တန်း(၂)ပတ်တာကာလ သင်ကြား ပို့ချမှုများကိုအခြေခံပြီး လိုအပ်သည်များကို ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရေး ကြိုးစား ဆောင်ရွက်ကြရန်၊ စက်ပြင်ခြင်းကလည်း မိမိတို့မိသားစု စားဝတ်နေရေးအတွက် တစ်ဘက်တစ်လမ်းမှ အထောက် အကူဖြစ်ပါကြောင်း၊ လက်တွေ့ဆောင်ရွက်ရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက သင်တန်းနည်းပြဆရာအား ဆက်သွယ်မေးမြန်း အကူအညီတောင်းခံနိုင်ပါကြောင်း ဆွေးနွေးပြောကြားပြီး တာဝန်ရှိသူများက သင်တန်းသားများ အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းမှာ သင်တန်းသား (၂၀) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၂) ပတ် ကြာဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)