ပုဗ္ဗသီရိ မေလ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လှိုဏ်ဂူတော်အတွင်း၌ (၁၃၀) ကြိမ်မြောက် အသံမစဲ မဟာပဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ လယ်ဝေးမြို့၊ အင်းသာအရှေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဏိတ အမှူးပြုသည့် ပင့်သံဃာ(၁၃)ပါး ကြွရောက်တော်မူပြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး ကျော်စိုးဦး၊ စေတီတော်ဂေါပကအဖွဲ့ဝင် ဦးထွန်းကြည်နှင့် ဂေါပကအဖွဲ့များ တက်ရောက်ခဲ့သည်။
ထို့နောက် ဆရာတော် ဘဒ္ဒန္တပဏ္ဏိတ ထံမှငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများအား စေတီတော်ဂေါပကမှ ပဌာန်းကျမ်းစာအုပ်နှင့် ပဌာန်းပရိတ်အိုးများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲအား မေလ ၁၉ ရက်နေ့မှ မေလ ၂၃ ရက်နေ့ထိ (၅)ရက် တိုင်အောင် ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)