မကွေး မေ ၁၉
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းဦးသည် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်၊ မကွေးခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေဦးနှင့်အတူ နတ်မောက် မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက နတ်မောက် မြို့နယ် သမုန်းပင်ကျေးရွာ သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ပြီးစီးမှု အခြေ အနေအား ကြည့်ရှုစစ်ဆေးသည်။
နတ်မောက်မြို့နယ် သမုန်းပင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (4’’Ø GI) စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊(၂၄၀၀)ဂါလံဆံ့ ရေစင် တည်ဆောက်ခြင်း လုပ်ငန်း နှင့် (10’ × 8’ × 8’) ရေစက်ရုံ တည်ဆောက် ခြင်း လုပ်ငန်းများကို (၂၆-၄-၂၀၂၁)ရက်နေ့တွင် စတင် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းဦးနှင့် တာဝန် ရှိသူများက အဆိုပါလုပ်ငန်းပြီးစီးဆောင်ရွက်ထားရှိမှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ဒေသခံ ကျေးရွာပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာများသောက်သုံးရေရရှိစေရန် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စက်ရေတွင်း(၉၃)တွင်းတူးဖော်ရန် လျာထားဆောင်ရွက်လျက်ရှိရာ နတ်မောက် မြို့နယ် သမုန်းပင်ကျေးရွာတွင် DRD တွင်းတူးစက်ကြီးဖြင့် စက်ရေတွင်းပေါင်း (၉၀)တွင်းမြောက်ကို အောင်မြင်စွာ တူးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မောင်ညီညာ