ညောင်တုန်းမြို့နယ်၌ “အံဩစရာ ရိုးရာဓလေ့ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ညောင်တုန်း မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန် ခန့်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့ဝင်များနှင့် စာပေ ဝါသနာရှင်များက စာရေးဆရာအောင်သင်း ရေးသားသော “အံဩစရာ ရိုးရာဓလေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်း ပြုလုပ်ရ​​ခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာ အောင်သင်း ရေးသားသော “အံဩစရာ ရိုးရာဓလေ့” စာအုပ်မှ အကြောင်းအရာများအား အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)