ဇေယျာသီရိမြို့နယ်တွင် ဆေးဆပ်ပြာထုတ်လုပ်မှုသင်တန်းဖွင့်လှစ်

ဇေယျာသီရိ  မေ  ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဆေးဆပ်ပြာထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ပို့ချပေးခြင်းကို ဇေယျာသီရိ မြို့နယ်၊ ခေတ်အေးကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ (KC)တွင် ယနေ့နံနက်ပိုင်းမှ စတင်ကာဖွင့်လှစ်သင်ကြားခဲ့သည်။                     

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီး ဌာနမှ တိုင်းဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားရာ တွင် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချ ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ မိသားစုဝင်ငွေတိုးတက်လာစေရန်၊ အသေးစားစက်မှု လုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်နှင့် မိမိတို့အသုံးပြုမည့်ပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်သုံးစွဲတတ်စေရန် ရည်ရွယ် ချက်ဖြင့် သင်တန်းဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်းနှင့် ယခုသင်တန်းတွင် စာတွေ့ထက်လက်တွေ့ ကို ပိုမိုအသုံးပြု၍သင်ကြားပို့ချသွားမည်ဖြစ်ရာ တက်ရောက်သူများအနေဖြင့် စိတ်ပါဝင်စားစွာ သင်ယူစေရန်တိုက်တွန်း ပြောကြားခဲ့သည်။ သင်တန်းသို့ ခေတ်အေးကျေးရွာ အုပ်စုမှ သင်တန်းသူ (၂၀) ဦးတက်ရောက်သင်ကြားပြီးသင်တန်းတွင် ဆေးဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်၊ လက်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ Hand Spray ၊ ရေချိုးဆပ်ပြာနှင့် Hand Gel စသည့် ဘာသာရပ်(၇)မျိုးကို တစ်ရက်လျှင် တစ်မျိုးနှုန်းဖြင့် (၇)ရက်ကြာ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သုတေသနလက်ထောက်(၃) ဒေါ်ခင်ဌေးမော်က သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

အေးလင်းထွန်း(ပြန်/ဆက်)