ကျိုက်ဒုံ မေ ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးမှူး ဦးဇော်မိုးလွင်နှင့်အဖွဲ့သည် ပန်းခင်းစီမံချက်ဖြင့် နေထိုင်မှုပုံစံစိစစ်၍ အသက်(၁၆)နှစ်နှင့် အထက် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားရန် ကျန်ရှိသူများအား အတည်ပြုခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများအား စိစစ်ဆောင်ရွက်ပေးခြင်းတို့ကို မေလပထမပတ်မှစတင်၍ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း ရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိ ဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအားဆောင်ရွက်ပေးခြင်းရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း နည်းလမ်း များ ဖြင့် အသက် ၁၆ နှစ်မှ ၁၈ နှစ်အထိနှင့် ၁၈ နှစ်မှအထက်ရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျိုက်ဒုံ(ပြန်/ဆက်)