လှိုင်းဘွဲ မေ ၂၁
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသည့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက ကစိုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လှိုင်းဘွဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းနိုင်ဦး ဦးဆောင်၍ ပိုင်ကျုံမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများက ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်ဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ ကတ်ပြား၏ အသုံးဝင်မှု၊ ပျောက်ဆုံးပျက်ဆီးမှု မရှိရေးအတွက် စနစ်တကျ ကိုယ်တွယ်အသုံးပြုကြရန် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကစိုကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူ(၆၇)ဦးကို အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)