ရေး မေ ၂၁
ရေးမြို့နယ်တွင်၂၀၂၀-၂၀၂၁ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်တွေ့ဆုံပွဲကို ယမန်နေ့က အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းပညာ့ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမြတ်ယုနှင့် ခရိုင်အဆင့်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူးတို့က အဖွင့် အမှာ စကားပြောကြားပြီး မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးမှ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး၊ ကျောင်းများတွင် ငွေကြေး ကောက်ခံမှုမရှိပဲ ဆောင်ရွက်ထားရှိမှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကျောင်း လုံခြုံရေး ကိစ္စများဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးက ရေးမြို့နယ်အတွင်းရှိအခြေခံပညာကျောင်း များ၏ ဖွင့်လှစ်နိုင်မှုအခြေအနေများနှင့် ကျောင်းများ၏ လိုအပ်ချက် များကိုရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးများနှင့်ကျောင်းတာဝန်ခံများက မိမိတို့ကျောင်းနှင့် ပတ်သက်၍ လိုအပ်ချက်များကို တင်ပြဆွေးနွေးရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ရေးမြို့နယ်တွင်အခြေခံပညာကျောင်းပေါင်း(၁၇၃)ကျောင်းရှိပြီးဒေသလုံခြုံ ရေးကြောင့် မဖွင့်လှစ် နိုင်သည့် ကျောင်း (၂၄)ကျောင်းရှိပြီ မေလ၂၄ရက်မှ စတင်ကာ မေလ ၃၁ရက်နေ့ အထိ ကျောင်းအပ်လက်ခံ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
( ရေးမြို့နယ်၊ ပြန်/ဆက်)