ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ အသက်(၈၀)နှင့်(၈၅)နှစ်ကြား သက်ကြီးရွယ်အိုးများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

ကာလိ      မေ  ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ အသက်(၈၀) နှင့် (၈၅)နှစ်ကြား သက်ကြီးရွယ်အိုးများ  လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်ခန့်က တာဝန်ရှိသူများမှ ကျေးရွာအရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုတွင် ဟိုပန်ကျေးရွာအတွင်းရှိ  ဝမ်ဆတ်ကျေးရွာ ၊ ဆိုင်းခေါင်ကျေးရွာ၊ နမ့်ဟူးလိန်ကျေးရွာ၊ ပန်လုံကျေးရွာ၊ နားဟိုက်ကျေးရွာ ၊နမ့်မော်တောင်းကျေးရွာ ၊ နားကန်ကျေးရွာရှိ အသက်(၈၀) နှင့် (၈၅)နှစ် ကြား သက်ကြီးရွယ်အို (၁၃)ဦးအား ဟိုပန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းအုန်းပွင့် ၊ ကာလိမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကျေးရွာအုပ်စုစာရေး ဦးဝေလင်းထွန်း နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ဒုတိယသုံးလပတ် (ဇန်နဝါရီ ၊ ဖေဖော်ဝါရီ၊မတ်) လတွင် လူမှုပင်စင် ထောက်ပံ့ငွေများကို တစ်ဦးလျှင် တစ်လတစ်သောင်းကျပ်နှုန်း နှင့် သုံးလစာ သုံးသောင်းကျပ်ဖြင့် ကျေးရွာအရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 ဝင်းကျော်(ကာလိ၊ပြန်/ဆက်)