ချောင်းဆုံ မေ ၂၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်လုပ်ငန်းတွင် ပါဝင် ကူညီဆောင်ရွက်မည့် Volunteer များအား နိုင်(၂)ပုံစံ ဖြည့်သွင်းရာတွင် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်(၂) ပုံစံ ဖြည့်သွင်းနည်းသင်တန်းကို ချောင်းဆုံမြို့ ကျွန်းသာယာခန်းမတွင် ယနေ့ နံနက် (၁၀) နာရီက ကျင်းပသည်။
သင်တန်းတွင် (လ.ဝ.က)ဦးစီးမှူး ဦးမောင်မောင်ဌေးက မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများနှင့် တိုင်းရင်းသားမဟုတ်သည့် နိုင်ငံသားများအား အိမ်ထောင်စုလူဦးရေစာရင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့) နိုင်ငံသားအသိအမှတ်ပြု ကိုင်ဆောင်လက်မှတ် ကတ်တစ်မျိုးမျိုးအား ဥပဒေနှင့်အညီ ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ စီမံချက်လုပ်ငန်းမှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းပို့ချရခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းတွင် တစ်ဦးချင်းအမည်စာရင်းများအား တိကျစွာစိစစ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးရမည့်သူများအား ရှေ့ပြေးပုံစံ၊ နိုင်(၂)ပုံစံများ ဖြည့်သွင်းခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း မရှိသေးသူများအား အမျိုးအစားခွဲခြား၍ စာရင်းကောက်ယူပြုစုခြင်းစသည့် အကြောင်း အရာများကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၉၄) ဦးအား မြို့နယ် (လ.ဝ.က)ရုံးမှ မြို့နယ်ဦးစီးမှူး နှင့်ဒုမြို့နယ် (လ.ဝ.က)မှူးတို့က ပို့ချခဲ့ကြောင်းသိရသည်။
မြို့နယ်