ခေါဇာ မေ ၂၄
“ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုတဲ့ ဆောင်ပုဒ် နှင့်အညီ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့ နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံရေး လုပ်ငန်းများ စတင ်ဆောင်ရွက်ကြောင်း သိရသည်။
ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိဝင်းမာက ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှု လုံးဝမရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း (Mask) နှင့် မျက်နှာကာ (Face Shield) တို့ကို အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်မာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဇွန်လ(၁)ရက်နေ့မှစတင်၍ ကျောင်းအားစတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်းသိရသည်။
ညီညီချမ်း