နောင်ချို မေ ၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ၂၀၂၁ ခုနှစ်ဧပြီလနှင့်မေလအတွင်း လေပြင်းတိုက် ခတ်မှုကြောင့် နေအိမ်ပျက်စီသွားသည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးက အဖွင့် အမှာစကားပြောကြားကာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မူမူသိန်းမှ ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သဘာဝဘေးအန္တရာယ် (လေပြင်းတိုက်ခတ်မှုကြောင့်) နေအိမ်ပျက်စီးခဲ့သည့် မျက်ချီးနု ကျေးရွာအုပ်စု၊ လုံရုံးကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု (၁၇) စုအတွက် တာဝန် ရှိသူများက အိမ်ဆောက်ပစ္စည်းနှင့်ဆန်ရိက္ခာ အတွက် စုစုပေါင်း ငွေသားကျပ် ၁၆၄၄၃၀၀/ (ကျပ်တစ်ဆယ့် ခြောက်သိန်းလေးသောင်းလေးထောင်သုံးရာတိတိ) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွေးငယ်