မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

မင်္ဂလာတောင်ညွန့်       မေ      ၂၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာပေချစ်မြတ်နိုးသူများ စုစည်း၍ ယနေ့ နံနက် ၁၀ နာရီ အချိန်က စာရေးဆရာ လယ်တွင်းသား စောချစ် ရေးသားသည့် “ ပန်းလိုချင် အပင်ကိုပျိုးတတ်မှ ” စာအုပ်ဖြင့် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေ စာဖတ်ဝိုင်းများကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။ ထို့နောက် စာပေချစ်သူ များအဖွဲ့မှ ဒေါ်စန်းစန်းကြည်က ကလေးငယ်များ၏ဘဝများ လှပစေရန် မိဘတို့၏ ဂရုစိုက်ပြုစုစောင့်ရှောက်မှု အရေးပါပုံနှင့် ကလေးငယ်များ၏ စိတ်ဓာတ် ရေးရာများ သိမ့်မွေ့မှုရှိစေရေး၊ ကိုယ်ချင်းစာတရားရှိစေရေးတို့ အတွက် လေ့ကျင့်ပျိုးထောင် ပေးသင့်သည်များကို ဖတ်ရှုခဲ့ရကြောင်း မျှဝေဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ စာပေချစ်သူ အဖွဲ့ဝင်များကလည်း မိမိတို့၏ စာအုပ်အပေါ်ဖတ်ရှုရာမှ ရရှိလာသည့် ထင်မြင်ယူဆချက်များနှင့် အကျိုးကျေးဇူးများကို အသီးသီးသုံးသပ်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူများအတွက် လွန်စွာ အကျိုးများသည့် အတွက် လူထုအခြေပြု ဗဟိုဌာန (Community Centre) များတွင်  စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

 

ချစ်စုဝေ