သတင်းများ

ပင်လုံမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုး
Jul 02,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့် ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)တွင် ယနေ့ နံနက် (၈)နာရီအချိန်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
မြိုင်မြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုးကူး စက်ခံရသူ ( ၃၁ ) ဦးတွေ့ရှိ
Jul 01,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံ ရသူ (၃၁) ဦး ရှိပြီးဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မြို့နယ် ကျန်းမာရေးဌာနတို့၏ အတည်ပြုချက်အရသိရသည်။
နေပြည်တော်ကောင်စီရင်းနှီးမြုပ်နှံမှုကော်မတီ၏(၂/၂၀၂၁)ကြိမ်မြောက်အစည်းအဝေးကျင်းပ
Jul 01,2021
နေပြည်တော်ကောင်စီ ရင်းနှီးမြုပ်နှံမှုကော်မတီ၏(၂/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင် နှင့် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်၊ နေပြည်တော်ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပွင့်ဟန်၊  နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးဇော်မိုးအောင်နှင့် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဆွေတို့ တက်ရောက်ကြသည်။
မိတ္ထီလာမြို့တွင် မြစ်သားမြို့မှပြန်ရောက်လာသူအမျိုးသားတစ်ဦး နေမကောင်းဖြစ်၍ စစ်ဆေးရာမှ ကိုဗစ်၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိ
Jul 01,2021
မိတ္ထီလာမြို့တွင် မြစ်သားမြို့မှ ပြန်ရောက်လာသူ အမျိုးသားတစ်ဦး နေကောင်းမကောင်းဖြစ်၍ ယနေ့မွန်းလွဲ ၂ နာရီခန့်အချိန်က ကျန်းမာရေးဌာနသို့လာရောက်၍ ကိုဗစ်၁၉ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာ ၎င်းတွင် ကိုဗစ်၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
သိန္နီမြို့၌ ကိုဗစ် Positive လူနာထပ်တိုး(၃)ဦးတွေ့ရှိခဲ့ပြီး သိန္နီမြို့နယ်အတွင်း ကိုဗစ် Positive လူနာ (၈)ဦးအထိ ရှိလာ
Jul 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့ အမှတ်(၁) ရပ်ကွက်၊ Home Quarantine ထားရှိသည့် နေအိမ်မှ ကိုဗစ် positive လူနာနှင့်ထိစပ်သူ (၃)ဦးတို့အား RDT Test Kits ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ် Positive ဖြစ်ပွားနေကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်တားဆီးရန်အတွက်  Mask Campaign  ဆောင်ရွက်
Jul 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ် ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ ဆောင်ရွက် လျက်ရှိရာ  ပါးစပ်နှင့်နှာခေါင်းစည်း Mask အခမဲ့ ဖြန့်ဝေပေးခြင်း Mask Campaign ကို ဇူလိုင်လ ၁ ရက် နံနက် ၈ နာရီက ဆောင်ရွက်ကြသည်။
တိုင်းယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှ နှာခေါင်းစည်း (Mask) ပြည်သူများ တပ်ဆင် သွားလာသည့် အလေ့အထများ ဖြစ်စေရန် Mask Campagin ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 01,2021
ပဲခူးတိုင်းဒေသကြီး၊  ပဲခူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိရောက်စွာ ကာကွယ်ရန်အတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေး Mask Campagin ကို တိုင်းယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်ဦးဆောင်ပြီး ကော်မတီအဖွဲ့ဝင်များနှင့် အမှတ်(၅)၊ အမှတ် (၆) ယာဉ်လိုင်းများမှ ကော်မတီဝင်များ အင်အား(၂၀) ခန့်ဖြင့် ယာဉ်ဝင်းသစ်ရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။