သိန္နီမြို့၌ ကိုဗစ် Positive လူနာထပ်တိုး(၃)ဦးတွေ့ရှိခဲ့ပြီး သိန္နီမြို့နယ်အတွင်း ကိုဗစ် Positive လူနာ (၈)ဦးအထိ ရှိလာ

သိန္နီ ဇူလိုင် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့ အမှတ်(၁) ရပ်ကွက်၊ Home Quarantine ထားရှိသည့် နေအိမ်မှ ကိုဗစ် positive လူနာနှင့်ထိစပ်သူ (၃)ဦးတို့အား RDT Test Kits ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ် Positive ဖြစ်ပွားနေကြောင်း သိရသည်။

ယခုအခါ သိန္နီမြို့နယ်အတွင်း Covid- 19 ရောဂါ ဖြစ်ပွားသူ စုစုပေါင်း (၈)ဦးရှိပြီ ဖြစ်ရာ Covid-19 ရောဂါကြောင့် သေဆုံးသူ (၁)ဦး ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၃) ဦးတို့အား ကျန်းမားရေး‌စောင့်ရှောက်မှုဆောင်ရွက်နိုင်ရန်အတွက် သိန္နီမြို့နယ် မြို့နယ်ဆေးရုံရှိ သီးခြား အဆောက်အဦ (Covid-19 positive ထားရှိကုသဆောင်ရွက်သည့်နေရာ)တွင် ထားရှိပြီး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများမှ  ကြပ်မတ်ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ညီညီပိုင်စိုး (ပြန်/ဆက်)