ကန်ကြီးထောင့် ဇူလိုင် ၁
ဧရာ၀တီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်ဇူလှိုင်လ ၁ ရက်နေ့ က ကိုဗစ်-၁၉ သံသယ လူနာများအား RDT စနစ်ဖြင့် စစ်ဆေးခဲ့ရာ လူနာ ၈ ဦး တွေ့ရှိခဲ့သည်။
အဆိုပါ လူနာ ၈ ဦးမှာ ရဲစခန်း မှ ၀န်ထမ်း ၃ ဦး၊ မြေစာရင်ရုံး ၀န်ထမ်း ၃ ဦး၊ ဒါးက မှ အသက် ၆၄ နှစ် ရှိ အမျိုးသမီး ၁ ဦးနှင့် အထက်တံခွန်တိုင်ရွာ မှ အသက် ၄၉ နှစ်ရှိ အမျိုးသား ၁ ဦးတို့ဖြစ်သည်။ ပိုးတွေ့လူနာ ၈ ဦးအားကျန်းမားရေး ဆေးကုသမှုလုပ်ငန်းများကို မြို့နယ်ပြည်သူ့ဆေးရုံနှင့်
ဒါးကတိုက်နယ်ဆေးရုံတို့တွင် ကြည့်ရှုကုသပေးသွားမည်ဖြစ်ပြီး အဆိုပါလူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သောသူများအား Quarantine ထားရှိနိုင်ရေး ဆက်လက်ဆောင်ရွတ်သွားမည် ဖြစ်သည်။
ကန်ကြီးထောင့်မြို့နယ်တွင် ယနေ့အထိ ပိုးတွေ့လူနာ ၂၀ ဦးရှိပြီး သက်ဆိုင်ရာဆေးရုံများတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။
ဇင်မာ