ပဲခူး ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိရောက်စွာ ကာကွယ်ရန်အတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေး Mask Campagin ကို တိုင်းယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်ဦးဆောင်ပြီး ကော်မတီအဖွဲ့ဝင်များနှင့် အမှတ်(၅)၊ အမှတ် (၆) ယာဉ်လိုင်းများမှ ကော်မတီဝင်များ အင်အား(၂၀) ခန့်ဖြင့် ယာဉ်ဝင်းသစ်ရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campagin အား တိုင်းဒေသကြီး စီမံအုပ်အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှု့ဖြင့် ဆောင်ရွက်ပြီးဖြစ်ပြီး ယခုအချိန်ဟာ ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်မားလာပြီး မိဘပြည်သူများ အသိ၊ သတိရှိစေရန်အတွက် မိဘပြည်သူတွေ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာစေရန် အတွက် ပဲခူးမြို့ လူစည်ကားရာ နေရာတိုင်းတွင် Mask Campagin များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ Mask (၁၀၀၀၀) ခုအား (အခမဲ့)ဖြန့်ဝေခဲ့ပြီး၊ ပဲခူးမြို့ လူစည်ကား ရာနေရာများတွင်လည်း Mask Campagin ပြုလုပ်ခြင်းများကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း တိုင်းယာဉ်ကြီးကြပ်ရေးကော်မတီမှ သိရသည်။
မျိုးငြိမ်း