တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်တားဆီးရန်အတွက်  Mask Campaign  ဆောင်ရွက်

တန့်ယန်း  ဇူလိုင်  ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ် ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ  ပါးစပ်နှင့်နှာခေါင်းစည်း Mask အခမဲ့ ဖြန့်ဝေပေးခြင်း Mask Campaign ကို ဇူလိုင်လ ၁ ရက် နံနက် ၈ နာရီက ဆောင်ရွက်ကြသည်။

အဆိုပါ Mask Campaign အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်နှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီးအေးဇော်လတ်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးထိန်းချုပ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask အခမဲ့ ဖြန့်ဝေပေးခြင်း Mask Campaign ကို အမှတ်(၃)ရပ်ကွက် စျေးဟောင်းလမ်းဆုံ ဗိုလ်ချုပ်လမ်းမကြီး၌ Mask (၂၀၀၀)ခုကို ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။                                                                     

မင်းလွင်ဦး(ပြန်/ဆက်)