ပြင်ဦးလွင် မေ ၂၀
၂၀၂၁ ခုနှစ်၊ ချန်ပီယံ ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂၁)၊ မိုးကြိုးစံပြရပ်ကွက်၊ သိမ်အင်းဘုရားအနီး၌ ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြပြီး ချန်ပီယံ ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီမှ တာဝန်ရှိသူများက ယနေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အားစား သမားများဟာ မိမိကျေးရွာ၊ မြို့၊ ခရိုင် ကိုယ်စားပြု ယှဉ်ပြိုင်နေကြတာဖြစ်ပြီး နိုင်ငံတော် အနာဂတ်၏ အားကစားလောက ဖွံ့ဖြိုးတိုးတက်ရမည်ဆိုတဲ့ နိုင်ငံကိုအကျိုးပြုနိုင်မည့် အားကစား မောင်မယ်များ ပေါ်ထွက်လာအောင် ဒီလိုပြိုင်ပွဲကောင်းတွေ ကျင်းပနိုင်ရေး၊ ပျော်ပျော်ရွှင်ရွှင်နှင့် တစ်ယောက်နှင့် တစ်ယောက် အားကစားစံချိန်စံညွှန်း နှင့်အညီ စည်းကမ်းသာ အဓိကဆိုတဲ့ဟာကို ရင်ထဲမှာ အပြည့်ထားပြီး ပြိုင်ဆိုင်လိုစိတ်အပြည့်အဝနှင့် ပူးပေါင်းပါဝင် ယှဉ်ပြိုင်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပြီး အားကစားပစ္စည်းများအား ထောက်ပံ့ပေးခဲ့ကာ ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားအဌာန် ရွတ်ဆိုခဲ့ကြသည်။
၂၀၂၁ ခုနှစ်၊ ချန်ပီယံ ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲမှ ပြိုင်ပွဲဝင် အသင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲကို (၂၀-၅-၂၀၂၁ )မှ (၂၂-၅-၂၀၂၁) ရက်နေ့ထိ နေ့စဉ် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဆုရရှိသော အသင်းများကို ဆုများထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင် (ပြန်/ဆက်)