သတင်းများ

ဖယ်ခုံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း ဆောင်ရွက်
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က ကုန်ဆုံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်မြို့နယ် ပေါက်တောကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်လှစ်
Jan 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ကြာအင်းကျေးရွာအုပ်စု ပေါက်တောကျေးရွာတွင် နိုင်ငံတော်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ်သိန်း၇၀၀ဖြင့် ဟံသာမြင့်မိုရ်ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သော ကျေးလက်ကျန်းမာရေးဌာနခွဲ RCH နှစ်လုံးတွဲ အဆောက်အဦသစ် ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ယင်းအဆောက်အအုံသစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
နောင်လုံကျေးရွာအုပ်စု၌ ကျေးရွာဖွံ့ဖြိုးမှုစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နောင်လုံကျေးရွာအုပ်စု၌ စီမံကိန်းလုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ကော့မှူးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာပေးမှုများ ဆောင်ရွက်
Jan 18,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် လာဝတီကျေးရွာတွင် ယမန်နေညနေ၄နာရီက ကျေးရွာနေ ပြည်သူများ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာပေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Jan 18,2021
ညောင်လေးပင်မြို့နယ် ဖအောင်းကျေးရွာတွင် ဇန်နဝါရီလ ၁၈ ရက်နေ့က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့‌ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း မြို့ကွက်သစ်ဖော်ဆောင်ရေးဆွေးနွေးပွဲသို့ တက်ရောက်
Jan 18,2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက် ၁၁ နာရီခွဲအချိန် ရေတာရှည်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်သော မြို့ကွက်သစ်​ဖော်​ဆောင်​ရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၌ မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ်ထုတ်ချေးပေး
Jan 18,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်း က သစ်ယာကုန်းကျေးရွာအုပ်စု၊ ကြိမ်တောမြှောင်ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်မြို့(နဝဒေး)တံတား စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်
Jan 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အဝင် (နဝဒေး)တံတား စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေး စစ်ဆေးရေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က အဆိုင်းသုံးဆိုင်းဖြင့် နေ့/ည မပြတ် အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။