တာလေမြို့၌ ဆောင်းသီးနှံရာသီစာ ဖရဲစိုက်ပျိုးသည့်တောင်သူများ ဖရဲသီး ဈေးကောင်းရရှိရန် မျှော်လင့်
Jan 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု တာလေ-ကျိုင်းလပ်သွား လမ်းဘေးဝဲယာရှိ ဝိန်းလန်း-လန့်တောင်း ကျေးရွာတို့တွင် စိုက်ပျိုးသည့် ဆောင်းသီးနှံ ရာသီစာဖရဲခင်းများ ယခုနှစ်တွင် အောင်မြင်ဖြစ်ထွန်းမှု အားနည်းနေပြီး ယခုအခါ ဇန်နဝါရီလကုန်ပိုင်းတွင် ဖရဲသီးများ စတင်ထွက်ရှိတော့မည်ဖြစ်ပြီး ဈေးကွက်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း တပိုင်တနိုင် ဖရဲစိုက်ပျိုးသူတောင်သူများထံမှ ယမန်နေ့က သိရသည်။