ငါးသိုင်းချောင်းမြို့၌ ရပ်ကွက်/ကျေးရွာ အခြေပြုလူကုန်ကူးမှု စောင့်ကြည့်ရေးနှင့် လူကုန်ကူးမှု တားဆီးကာကွယ် တိုက်ဖျက်ရေး အသိပညာပေး ဆောင်ရွက်
Jan 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက် ဓမ္မာရုံ၌ ယနေ့ နံနက်ပိုင်းက အမှတ်(၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ပုသိမ်)မှ ရဲအုပ်ဇော်ဝင်းထွဋ်၊ ငါးသိုင်းချောင်း နယ်မြေရဲတပ်ဖွဲ့ စခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယ ရဲအုပ်နေလင်းအောင်နှင့် ရှေ့ဆောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ရပ်ကွက်/ကျေးရွာ အခြေပြု လူကုန်ကူးမှု စောင့်ကြည့်ရေးနှင့် လူကုန်ကူးမှု တားဆီးကာကွယ် တိုက်ဖျက်ရေး အကြောင်းအရာများကို အသိပညာပေး ဟောပြောခြင်း၊ ဟောပြောပွဲ တက်ရောက်လာသူများကို (mask)နှာခေါင်းစည်းနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်တိုက်ဖျက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။