သတင်းများ

နာဂဒေသ၊ လေရှီးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ချင်းဆက်လမ်း ဆွမ္မရာ၊ မိုဝိုင်းလွတ် လမ်းပေါ်ရှိ (၅၀)ပေ သံကွန်ကရစ်တံတား (၂) စင်း တည်​ဆောက်ခြင်းကို နယ်စပ်ရေးရာ ဝန်ကြီးနာန နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဏာနှစ် နယ်စပ်ဒေသဖွံဖြိုးရေးပြည်ထောင်စုရန် ပုံငွေကျပ် (၈၇ ဒသမ ၂၄၂)သန်း ဖြင့် စာရာမေရိမိသားစု ကုမ္ပဏီမှတင်ဒါ အောင်မြင်ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်လင်း၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးရိထင်နှင့် တာဝန်ရှိသူများက ယမန်နေ့က လုပ်ငန်းများ စံချိန်စံညွန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရေး မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ဘွဲကရင်ရေးရာကော်မတီဖွဲ့စည်းခြင်း နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jan 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင် ဘွဲကရင်လူမျိုးများ မိမိတို့နေထိုင် ရာဒေသ၏ တောတောင်ရေမြေသဘာဝပတ်ဝန်းကျင်နှင့် စာပေဘာသာစကား၊ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးထမ်းများကို တန်ဖိုးထားဖွဲ့စည်းခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်း ခန်းမ၌ ပြုလုပ်သည်။
ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာတွင် ရေရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးရေးစနစ် EM ဘိုကာရှီ ပြုလုပ်ခြင်း
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းကြီး နည်းပညာ ပြန့်ပွားရေးတာဝန်ခံနှင့် ဝန်ထမ်းများသည် လေသာကျေးရွာအုပ်စု၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ လေသာကျေးရွာရှိ တောင်သူ ဦးချစ်သိန်း၏ လယ်တွင် လယ်ယာထွက်စွန့် ပစ်ပစ္စည်းများဖြစ်သော ကောက်ရိုး၊ နှမ်းရိုး၊ မြေပဲခွံနှင့် ရေရှည်တည်တံ့ ခိုင်မြဲသောစိုက်ပျိုးရေးစနစ်သဘာဝမြေဆွေးပုံ ( EM )ဘိုကာရှီ ပြုလုပ်ခြင်းကို ယနေ့နံနက် ( ၉ ) နာရီအချိန်က လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကွက်(သို့)ကျေးရွာအုပ်ချုပ်ရေးမှူးများရွေးချယ်ရေးဆိုင်ရာ  ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်း
Jan 19,2021
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊နည်းဥပဒေနှင့် ပြင်ဆင်သည့်ဥပဒေများ၊ နည်းဥပဒေများအား ရှင်းလင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီ က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အင်းတော်မြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်ဖြစ်စေရန် ကွင်းဆင်း ဆောင်ရွက်
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာ ပြန့်ပွားရေး စင်တာနယ်မြေအတွင်းရှိ အင်းရွာကျေးရွာ တောင်သူ ဦးသာဒွန်းစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် မေမြို့ပန်း စိုက်ခင်းပင်များအား ဘေးအန္တရာယ် ကင်းရှင်းသော စားသောက် ကုန်ဖြစ်စေရန် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင် ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း လုပ်ငန်းစဉ်များရှင်းလင်းဆွေးနွေး
Jan 19,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးခြင်း လုပ်ငန်း စဉ်များ ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ညနေ(၃)နာရီက ရှမ်းပွဲရပ်ကွက်ရှိ လုပ်အားကြေးမုံခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး အသိပညာပေးဆွေးနွေး
Jan 19,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရပ်ကွက်/  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က ကြာအင်းဆိပ်ကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၅) မူလတန်းလွန်ကျောင်း၌ ပြုလုပ်ကျင်းပသည်။
မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jan 19,2021
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း ကို ယနေ့နံနက် ၉ နာရီက အဆိုပါရပ်ကွက်အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။