နေ့ရောညပါ တာဝန်ထမ်းဆောင်နေကြသော မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဝန်ထမ်းများအား လက်ဖက်ရည်ထုပ်များ လှူဒါန်း

ကမာရွတ် ဇန်နဝါရီ ၁၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲရေး လုပ်ငန်းတာဝန်ခံ အဖွဲ့ မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ မြို့နယ်သန့်ရှင်းသာယာလှပရေးအတွက် နေ့တာဝန် ညတာဝန်ထမ်းဆောင်နေကြသော သန့်ရှင်းရေးဝန်ထမ်း များအား ယနေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းအမြစ်ဝန်ကြီးမှ လက်ဖက်ရည်ထုပ်များ လာရောက်လှူဒါန်း ခဲ့ ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် သန့်ရှင်းရေးဝန်ထမ်းများအား လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်း အမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်မှ အပူအအေး ဖျော်စပ်သောက်သုံးနိုင်သော (Nestea) တစ်ပါကင် လျှင် (၁၂)ထုပ်ပါ (၈) ပါကင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရ သည်။ လာရောက်လှူဒါန်းမှုကို တာဝန်ရှိသူမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သန့်ရှင်းရေးဝန်ထမ်းများအား ပြန်လည်ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကမာရွတ်မြို့နယ်ရှိ အသုံးပြုနေသော အမှိုက်သိမ်းလှည်းများ၊ သန့်ရှင့်မှုရှိ/မရှိ ကြံ့ခိုင်မှုရှိ/မရှိ စစ်ဆေးခြင်း ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ရောင်ပြန်စတစ်ကာများ တပ်ဆင်ခြင်းတို့ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ခံ ဦးစောလှမင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)