ကော့ကရိတ် ဇန်နဝါရီ၂ ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဌာနမှ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အသေးစား/အလတ်စား လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး ပို့ချခြင်းကို ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က အဖွင့်အမှာ စကားပြောကြားပြီး ကရင်ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်မှ အသေးစား/ အလတ်စား လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိရမည့်အချက်များ၊ ၎င်းလုပ်ငန်းများအတွက် ချေးငွေ ထုတ်ယူရာတွင် သိသင့်သိထိုက်သည့် အချက်များကို ပြောကြားပြီး လုပ်ငန်းလိုင်စင်ပြုလုပ်ထားပါက ရှရှိမည့် အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်း၍ ပြန်လည်ဖြေကြား ဆွေးနွေးပို့ချခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၂၉) ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။
ကျော်စိုးလွင် (ခရိုင် ပြန်/ဆက်)