သံတောင်ကြီးမြို့နယ်တွင် ကော်ဖီအသီးများ အထွက်နှုန်းကောင်း

သံတောင်ကြီး           ဇန်နဝါရီ ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်  အားလျော်စွာ ဒေသခံပြည်သူများသည် အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကိုသာ အဓိကလုပ် ကိုင်လျက်ရှိရာ ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ကော်ဖီသီးများ အထွက်နှုန်းကောင်းလျက်ရှိကြောင်း ကော်ဖီစိုက်တောင်သူတစ်ဦးထံကသိရှိရသည်။

ကော်ဖီပင်များ  စနစ်တကျစိုက်ပျိုးနိုင်ရန်  နှင့် အရည်အသွေးကောင်းမွန်စေရန် အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီစိုက်တောင်သူ များအား ဆွတ်ခူးချိန် နည်းလမ်း မှန်ကန် စေရန်၊ ကော်ဖီစိုက်ပျိုးနိုင်မှုမြှင့်တင်စေရန် ၊ မျိုးကောင်းမျိုးသန့်များ  ရွေးချယ်စိုက်ပျိုးနိုင်ရန်  အတွက် အသိပညာပေးဟောပြောခြင်း နှင့် နည်းပညာများအား လက်တွေ့ သရုပ်ပြခြင်းများ  ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

သံတောင်ကြီးမြို့နယ်တွင် ကော်ဖီသီးများအခြောက်လှန်း၍ အခွံချွတ်ခြောက် တစ်ပိဿာ ကျပ်(၄၀၀၀)မှ (၅၀၀၀)ကျပ်အထိရရှိပြီး စိုက်ပျိုး ထုတ်လုပ်သည့်ကော်ဖီများသည် ရင့်မှည့်ချိန်တွင်သာ ကော်ဖီသီးများကို ဆွတ်ခူးခြင်း ၊ ကော်ဖီပင်များစိုက်ပျိုးရာတွင် သဘာဝမြေဩဇာ ကို အသုံးပြုလျက်ရှိကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)