မိုးနဲ ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူထားသော တိရစ္ဆာန်များ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mobile Team ဖြင့် ကွင်းဆင်းကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ခိုင်မြဲစည်သူနှင့် ဝန်ထမ်းများက ကွန်နားကျေးရွာအုပ်စုနှင့် ကျိုင်းတောင်းမြို့တို့တွင် တိရစ္ဆာန်ရောဂါ ကာကွယ်၊ကုသရေး လုပ်ငန်းများအား Mobile Team ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယနေ့အထိ ကြက်ကောင်ရေ (၂၀၀၀)ကို ကြက်လည်လိမ်ရောဂါ ကာကွယ်ဆေး မျက်စဉ်းခတ်ပေးခြင်းကိုလည်းကောင်း၊ ဝက် (၁၀) ကောင်အား ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးထိုးခြင်းကိုလည်းကောင်း၊ ကျွဲ/ နွား (၅၀၀) ကောင်အား လည်ချောင်းကွဲရောဂါနှင့် ခွာနာလျှာနာရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုလည်းကောင်း၊ နွားမေထုန်မဲ့သားစပ်ခြင်း လုပ်ငန်းများကို လည်းကောင်း ကွင်းဆင်း ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)