သတင်းများ

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ အောင်လံမြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကျင်းပ
Apr 29,2021
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့သည် အောင်လံမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေး မှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၆)နာရီခွဲက အောင်လံမြို့နယ်
ရှမ်းပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီ လှဦးနှင့်အဖွဲ့ဝင်များ မိုင်းယုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Apr 29,2021
ရှမ်းပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး လှဦးနှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၁ နာရီခွဲက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ ရောက်ရှိကာ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည် လုပ်ငန်းများအား သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 29,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံမြို့တွင် (ပန်းခင်းစီမံချက်)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်နိုင်ရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးနိုင်ရေး ရှင်းလင်း
Apr 29,2021
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်မည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်နိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေ စာရင်းထုတ်ပေးနိုင်ရေး(ပန်းခင်းစီမံချက်)ဖြင့် ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ရှင်းလင်းပြောကြားပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက ဘားအံစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လားရှိုး၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံ သင်တန်း (၁/၂၀၂၁)ဖွင့်ပွဲ ကျင်းပ
Apr 29,2021
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်း(၁/၂၀၂၁)ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လောက်ကိုင်၌ ထိန်းချုပ်ဓာတုပစ္စည်းများ မြေမြှုပ်ဖျက်ဆီးခြင်းအခမ်းအနားပြုလုပ်
Apr 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ ထင်ပါကျိုင်း ကျေးရွာအုပ်စု အမှိုက်ကန်နေရာတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ထိန်းချုပ်ဓာတုပစ္စည်းများ မြေမြှုပ်ဖျက်ဆီးခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဖြူခရိုင်ရုံး ပြန်/ဆက်ဝန်ထမ်းများက Mobile Library ကွင်းဆင်းဆောင်ရွက်
Apr 29,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ဌာနဆိုင်ရာအသီးသီးရှိဝန်ထမ်းများအား စာအုပ် စာစောင်များအလွယ်တကူ ငှားရမ်းဖတ်ရှုနိုင် စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက Mobile Library ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံမှ လွှဲပြောင်းလာသည့်မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၆၆)ဉီးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်လွှဲပြောင်းပို့ဆောင်
Apr 29,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၆၆)ဉီးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့နံနက်(၁၁)နာရီအချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။