ကျောက်ဖြူခရိုင်ရုံး ပြန်/ဆက်ဝန်ထမ်းများက Mobile Library ကွင်းဆင်းဆောင်ရွက်

ကျောက်ဖြူ   ဧပြီ  ၂၉                                       

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ဌာနဆိုင်ရာအသီးသီးရှိဝန်ထမ်းများအား စာအုပ် စာစောင်များအလွယ်တကူ ငှားရမ်းဖတ်ရှုနိုင် စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက Mobile Library ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ် ဦးဆောင်သည့် ဝန်ထမ်းများက သုတ၊ရသ၊ မဂ္ဂဇင်း၊ ရုပ်ပြ အစရှိသော စာအုပ်ပေါင်း ၂၀၀ ကျော်ဖြင့် ခရိုင်စာရင်းစစ်ရုံးနှင့်ခရိုင်မီး သတ်ဦးစီးဌာနရုံး သို့သွား ရောက်ပြီး ဝန်ထမ်း များနှင့် ၎င်းတို့၏မိသားစုဝင်များကို စာအုပ်၊ စာစောင်များအား ငှားရမ်းပေးခဲ့သည်။

အဆိုပါဦးစီးဌာနအနေဖြင့်လည်း စာအုပ်၊ စာပေဖတ်ရှုလိုသူ ဌာနဆိုင်ရာအသီးသီးမှ စာဖတ်သူ များကို အလုပ်အကိုင်မပျက်ဘဲအလွယ်တကူ ဖတ်ရှုနိုင်စေရန်အတွက် တစ်ပတ်လျှင်တစ်ကြိမ် Mobile Library ဖြင့် ကွင်းဆင်းငှားရမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း