နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး

                            နတ်မောက်  မေ    ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီး ဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့နံနက် (၉) နာရီအချိန်ခန့်က နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာရှိ (ပပန) တပ် နှင့် ဂွေးကုန်းကျေးရွာရှိ (ဆ.သ.လ) (၂) တပ်တို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးဦးဝင်းသိန်းနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ ပျက်စီးမှုမရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာ ပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ 

ရွာမွန်ကျေးရွာ (ပပန) တပ်ရှိ  အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ကျား (၅) ဦး၊မ (၃) ဦး၊ အသက် (၁၈)နှစ်ပြည့်  နိုင်ငံသားစိစစ်ရေးကတ်လဲလှယ် ကျား (၇)‌ဦး၊ မ(၁၇)ဦး ၊ပျောက်ဆုံး၊ ပျက်စီး ထုတ်ပေး ကျား (၁၂)ဦး၊ မ (၁၂) ဦးစုစုပေါင်း ကျား(၂၄)ဦး၊ မ (၃၂)ဦးနှင့် ဂွေးကုန်းကျေးရွာ (ဆ.သ.လ) (၂) တပ်ရှိအသက်(၁၀)နှစ်ပြည့် ကျား (၁)ဦး၊ လဲလှယ် ကျား(၅)ဦး၊ မ(၈)ဦး၊ ပျက်စီး ပျောက်ဆုံး ကျား(၉)ဦး ၊ မ(၇)ဦး စုစုပေါင်း ကျား(၁၄)ဦး၊  မ(၁၆)ဦးတို့အား   အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ 

ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို မေလ(၃)ရက်နေ့မှစတင်ကာ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း နတ်မောက်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းထံမှသိရသည်။

သင်းသင်းမြတ်