ကျောက်တံတား မေ ၁၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ပြီးနောက် ယခုအခါ ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် ကျောက်တံတား မြို့နယ် ပြည်သူ့စာကြည့်တိုက်အား မေလဆန်းမှ စတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စာကြည့်တိုက်အား တနင်္လာနေ့မှ သောကြာနေ့ထိ နံနက်(၉:၃၀)နာရီမှညနေ(၄)နာရီထိ အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ်ဖွင့်လှစ်ထားရှိပေးလျက်ရှိကာ နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ် ထုတ်ဂျာနယ် ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ အပျော်ဖတ်၀တ္တုများ၊ ရုပ်ပြများ၊ သုတစာပေများ စသည်ဖြင့် သုတ/ရသ အမျိုးအစားစုံလင်သော စာအုပ်စာစောင်ပေါင်း နှစ်သောင်းကျော်ဖြင့် စာပေချစ်ပရိသတ်များ ဖတ်ရှု ငှားရမ်းနိုင်ရန် ပြန်လည်၀န်ဆောင်မှုပေးလျက်ရှိပြီး ပြည်သူများ အနေဖြင့်လည်း စာကြည့်တိုက်မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ အခမဲ့ အသင်း၀င်ရောက်ပြီး မိမိစိတ်ကြိုက် သုတ/ရသစာအုပ်များကို လာရောက် ငှားရမ်းနိုင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရှိရသည်။
ထို့အတူ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်များ အားလုံးသည်လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အများပြည်သူ စာပေဖတ်ရှု့လေ့လာနိုင်ရန် ပုံမှန် ပြန်လည်ဖွင့်လှစ်၍ စာငှား၀န်ဆောင်မှုများ ပြန်လည်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)