မအူပင်မြို့တွင်မျိုးဆက်သစ်လူငယ်များ ဘတ်စကက်ဘောပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

မအူပင်  မေ   ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်ဘတ်စကက်ဘောကော်မတီတို့မှ ကြီးမှူးကျင်းပသော နွေရာသီ ဘတ်စကက် ဘောသင်တန်းမှ မျိုးဆက်သစ်လူငယ်များ ဘတ်စကက်ဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ ၄းဝဝနာရီက အမှတ်(၃)ရပ်ကွက် ကမ်းနားလမ်း ဘတ်စကက်ဘောကွင်း တွင်ကျင်းပသည်။
အဆိုပါ ဘတ်စကက်ဘောသင်တန်းအား ဧပြီလပထမပတ်တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်း သား/ သင်တန်းသားသူများအား အသင်း(၄)သင်းခွဲကာ မေလ၈ရက်နေ့တွင်အမှတ်ပေးစနစ်ဖြင့် ပတ်လည်ယှဉ်ပြိုင်ခဲ့ရာ (B)အသင်းက (ပထမ)၊ (D)အသင်းက(ဒုတိယ)၊ (C)အသင်းကတတိယနှင့် (A)အသင်းက နှစ်သိမ့်ဆု အသီးသီးရရှိခဲ့သည်။
ထို့နောက် ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ မအူပင်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်နှင့်ဝန်ထမ်းများ၊ မအူပင်မြို့နယ် ဘတ်စကက်ဘော ဆပ်ကော်မတီမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများက ဆုရရှိသူများအားဆုများ အသီးသီးချီးမြှင့် ပေးခဲ့ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။


အောင်ခိုင်(မအူပင်)