အထက်မင်းလှ မေ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ရုံးရပ်တောင်ရပ်ကွက်ရှိ အ.ထ.က (မင်းလှ) တွင် ဆရာ၊ ဆရာမ များက ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
မင်းလှမြို့နယ်အတွင်း၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများအား ၂၀၂၁ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ကျောင်းများ၌ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့် ထိန်းသိမ်း စောင့်ရှောက်မှု လုပ်ငန်းများကို ဆရာ/ဆရာမများက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
မင်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာ တွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ (အထက်မင်းလှ)