မြဝတီ မေလ ၁၃
အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြဝတီမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၂၈၅) ဦးအတွက် လူမှုရေးပင်စင်အဖြစ် ဒုတိယသုံးလပတ်(ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)လ စုစုပေါင်း (၃)လစာ အတွက် တစ်ဦးလျှင် ငွေကျပ်(၃)သောင်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၇၇၄၀၀၀၀ ကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထံသို့ ပေးအပ်ခဲ့ပြီး ၎င်းမှတစ်ဆင့် မြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)