အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ပေါကြွယ်ဝစေရန် ရည်ရွယ်၍ ယမန်နေ့က ပြည်မြို့ ပန်းခြံ ဆိပ်ခံဘောတံတားမှ သဘာဝရေပြင် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ဆောင်ရွက်ခဲ့ရာ ငါးမျိုးစိုက်ထည့်ပွဲသို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ပြည်မှ ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိုးသီတာနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။