သတင်းများ

ကျိုက်မရော၌ ကမ္ဘာ့ဆရာများနေ့အကြို ဟောပြောပွဲ ကျင်းပ
Oct 02,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးတို့ ပူပေါင်း၍၂၀၂၁ခု နှစ်၊ အောက်တိုဘာလ၅ရက်နေ့တွင် ကျရောက်မည့်ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် "ဆရာကောင်းတပည့်"ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နေ့လယ်၁၁နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ ၌ကျင်းပခဲ့ သည်။
တနိုင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းရှိ သာသနာ့ဝန်ထမ်းများအား နှာခေါင်းတို့ဖတ်(RDT Test Kit)ဖြင့် ရောဂါပိုး အခမဲ့စစ်ဆေးပေး
Oct 02,2021
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီမှ စ၍ မြို့ပေါ်သီလရှင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် နှာခေါင်းတို့ဖတ်(RDT Test Kit) ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး အခမဲ့ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ (၄၆၀၀)ကျော်အား ကိုဗစ်-၁၉ ကာကွယ်ဆေး ယခုလအတွင်းထိုးနှံပေးမည်
Oct 02,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ (၄၆၀၀)ကျော်အား ယခုအောက်တိုဘာလအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လက်ပံတန်းမြို့နယ်အတွင်း သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊ သံဃာ၊ သီလရှင်တို့အား အခြေခံစားသောက်ကုန်များလှူဒါန်း
Oct 02,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊ သံဃာ၊ သီလရှင်တို့အား ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသည့် ကာလအတွင်း ဆွမ်းကိစ္စများ အဆင်ပြေစေရန်အတွက် ဆန်၊ဆီ၊ဆား၊ပဲ စသည့်အခြေခံ စားသောက်ကုန်များဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ၁ နာရီ က ရွှေတောင်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
ရေးမြို့နယ် ရန်မျိုး​အောင်ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်း ပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Oct 02,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ရန်မျိုးအောင်ရပ်ကွက် မရမ်းကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Phase 2) ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ်ထိုးနှံပေး
Oct 02,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Phase 2) ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ်ထိုးနှံပေးခြင်းကို အောက်တိုဘာ(၁)ရက်နေ့တွင် သက်မှတ်သည့်နေရာများ၌ ထိုးနှံပေးခဲ့သည်။
ရေးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်(Talk Show) ကျင်းပပြုလုပ်
Oct 02,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၌ အပြည်ပြည်ဆိုင်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် (Talk Show)ကို ယမန်နေ့ မွန်းလွဲ ၁နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ ဓနုဖြူမြို့နယ်သို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်
Oct 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာအနီးရှိ ကဥ္စနကျွန်းသာ ကုမ္ပဏီလီမိတက်သို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အဖွဲ့ သည် ယနေ့ နံနက်(၉)နာရီ မိနစ်(၄၀)အချိန်ခန့်ရောက်ရှိ၍ စပါးအခြောက်ခံစက်အား ကြည့်ရှု လေ့လာ ခြင်း၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ စပါးထုတ်လုပ်မှုများနှင့်ပတ်သက်၍ မေးမြန်းရာ တောင်သူ များမှ ဖြေရှင်းတင်ပြခြင်း၊ (၅)ဧကခွဲခန့်ရှိ စပါးစံပြစိုက်ကွက်အား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး တမြာကျေးရွာအုပ်စု၊ တမြာကျေးရွာရှိ ဧရာဝတီမြစ်ရေတင်စီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ မြစ်ရေတင်စီမံကိန်းဆောင်ရွက်နေမှုများအား အသေးစိတ်ရှင်းလင်းတင်ပြ၍ ဝန်ကြီးချုပ်မှ လိုအပ်သည်များ ညွှန်ကြားဆောင်ရွက်ခဲ့သည်။