ရေဦး အောက်တိုဘာ ၁
ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကလေးနှင့်မိခင်များအားပုံမှန်ကာကွယ်ဆေးတိုက် ဆေးထိုးပေးခြင်းကို စက်တင်ဘာလကုန်ရက်နှင့် အောက်တိုဘာ ၁ ရက်နေ့နံနက်ပိုင်းက အဆိုပါဌာန စုဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ကျွေးရာတွင် မွေးကင်းစတွင် အသဲရောင်အသားဝါ (ဘီ)ကာကွယ်ဆေး၊ နှစ်လသားအရွယ်တွင်ဘီစီဂျီ၊
ပိုလီယို၊ ပြင်းထန်၀မ်းပျက်၀မ်းလျှော၊ အဆုပ်ရောင် ရောဂါ၊ ဆရာ (ဘီ)၊ဦးနှောက်အမြှေး ရောင်ရောဂါ (ငါးမျိုးစပ်ကာကွယ်ဆေး)၊ နေ လေးလသားအရွယ်တွင်ဒုတိယအကြိမ်တိုက်ခြင်း၊ ခြောက်လသားအရွယ်တွင် တတိယ အကြိမ် ဂျိုက်သိုးရောဂါနှင့်ဂျပန်ဦး နှောက်အမြှေးရောင်ရောဂါကာကွယ်ဆေး၊ တစ်နှစ်ခြောက်လသား အရွယ်တွင် ဒုတိယအကြိမ် ၀က်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး အပါအ၀င် စတုတ္ထအကြိမ် အဆိုပါ ကာကွယ်ဆေးများ ထည့်သွင်းတိုက်ကျွေးထိုးနှံပေးလျက်ရှိသည်။
" ကာကွယ်ဆေးထိုးစုရပ်သို့ လာရောက်သောကလေးမိဘနှင့်အုပ်ထိန်းသူ များအနေဖြင့် ကာကွယ်ဆေးထိုးမည့် နေ့ရက်ကို နီးစပ်ရာကျန်းမာရေးဌာန၊ ဌာနခွဲတာ၀န်ရှိသူများနှင့် ရပ်ကျေးစီမံအုပ်ချုပ်ရေး အဖွဲ့တာ၀န်ရှိသူများ ထံစုံစမ်းချိတ်ဆက်၍ ဆေးထိုးရက်အမှီလာရောက်ကြစေလိုပါတယ်၊ ကိုဗစ်ကာလဖြစ်သည့်အတွက် ကလေးမိဘ သို့မဟုတ် အုပ်ထိန်းသူများသည်ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ကြရန်၊ ကလေးကိုအသက်ရှုမကြပ်စေရန် အထူးဂရုပြု၍ ကလေးမျက်နှာကာတပ်ခြင်း သို့မဟုတ် အနှီးဖြင့်ထုပ်လာခြင်းပြုကြရန် သို့မှသာ ဆေးရုံ၊ ကျန်းမာရေးဌာနသို့၀င်ခွင့်ရရှိမည်ကို သိရှိထားရန်၊ အရေးကြီးဆုံးက ကလေး သို့မဟုတ်ကလေးနှင့်အတူနေ သူတစ်ဦးတွင်ဖျားနာနေလျှင်ဖြစ်စေ၊ အတူနေမိသားစု၀င်တစ်ဦးမှကိုဗစ်-၁၉ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ ခဲ့သည် ဖြစ်စေ၊ Home Quarantine ပြုလုပ်ရန်လိုအပ်သောနေအိမ်မှ ပြန်လာသည်ဖြစ်စေ Quarantine သတ်မှတ်ရက်ပြည့်ပြီးမှသာဆေးထိုးဆေးတိုက်နိုင်မည့်ရက်ကိုရက်ချိန်းယူကြရန်၊ မိမိကလေးငယ်အတွက် မရရှိသေးသော ကာကွယ်ဆေးများအားလုံး အပြည့်အ၀ရရှိစေရေး ကျန်းမာရေး၀န်ကြီးဌာန၏ လမ်းညွှန်ချက်၊ အကြံပြုချက် များများကိုလိုက် နာ၍ကျန်းမာရေးဌာန၀န်ထမ်းများနှင့်အတူပူးပေါင်းဆောင်ရွက်ကြရန် အသိပေးပြောကြားလိုပါတယ်"ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာ ကျန်းမာရေးမှုးအဆင့်(၁)ဦးသန်းထိုက်အောင် ကပြောသည်။
မြို့နယ်(ပြန်/ဆက်)