စစ်တွေ အောက်တိုဘာ ၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ စက်တင်ဘာလ ၃၀ ရက်နေ့နံနက်ပိုင်းက ကျောက်တော်မြို့နယ် လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ တိုက်ပွဲရှောင်များကူညီထောက်ပံ့ရေးနှင့် မြို့နယ်ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မြို့နယ်ကျန်းမာရေးဝန်ထမ်း များအား ဂုဏ်ပြုငွေနှင့်ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ထောက်ပံ့ခြင်း၊ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေ ပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုငွေကျပ်သိန်း(၂၀)နှင့် ဂုဏ်ပြုမှတ်တမ်းအား လည်း ကောင်း၊ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေကျပ်သိန်း(၁၀၀) အားလည်းကောင်း ထောက်ပံ့ ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းထွန်းဦးနှင့် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူသည်။ ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ သန်းထွန်းဦးက ကျေးဇူးတင်စကားပြောကြားကာ မြို့မိ၊ မြို့ဖများနှင့်တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရ အဖွဲ့အတွင်းရေးမှူးတို့က ပြန်လည်ဆွေးနွေးပြောကြားကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက်(၄၅)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု၊ မဟာကံကြီးရှင်ဘုရား၌ တိုက်ပွဲ ရှောင်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု တို့ကိုအားသွားရောက် ကြည့်ရှုအားပေးကြပြီး တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များ အမျိုးသမီးသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာကံကြီးရှင်ဘုရား ကြီးအတွင်းရှိ မေတ္တာဥယျာဉ်ပရဟိတကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ ဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အတွက်လိုအပ်ချက်များကို လျောက်ထားကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ၌ တောင်သူ ၅ ဦး၏ လယ်ဧက ၁၅ ဧကတွင် ပေါ်ဆင်းရင်စပါး မျိုးစေ့ထုတ်စိုက်ခင်း ဖြစ်ထွန်း အောင်မြင်နေမှု၊ အီးအင်ဘိုကာရှီသဘာဝမြေဆွေးပြုလုပ်သရုပ်ပြသထားမှု၊ သဘာဝမြေဩဇာ ပြုလုပ် ရာတွင် အသုံးပြုသောပစ္စည်းများ၊ သဘာဝမြေဩဇာပြုလုပ်ထားမှုနမူနာနှင့် ဆောင်းရာသီတွင် စိုက်ပျိုး နိုင်ရန်အတွက် မတ်ပဲနမူနာများ ပြသထားရှိမှုတို့ကို ကြည့်ရှုအားပေးကြပြီး တောင်သူများ၏ တင်ပြချက်များ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင်ရပ်နားတော်မူခဲ့သော သမိုင်းဝင်ကျောက်တော်တောင်ဘုရားနှင့် မဟာမြတ်မုနိဘုရားကြီးတို့အားသွားရောက်ဖူးမြော်ကြပြီး ပန်း၊ ဆီမီးနှင့်ရေချမ်းများကပ်လှူကာ ဘုရားဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အလှူငွေများ ထည့်ဝင်လှူဒါန်း ကြကာ မဟာမြတ်မုနိဘုရားကြီးသိမ်တော်ဘက်စုံပြုပြင်နေမှု အားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရ သည်။
တင်ထွန်း(ပြန်/ဆက်)