နမ့်စန်(တ)အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးနိုင်ရန်အတွက် ပြည်သူများသိရှိနိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက မြို့လယ်မီးပွိုင့်လမ်းဆုံ နှင့် မြို့မစည်ပင်သာယာဈေး အနီးတို့တွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ့်စန်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီ ဥက္ကဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်စိုး နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် ကျောင်းအုပ်ကြီးများ ၊ ဆရာ/ဆရာမများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စုပေါင်း၍‘ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများ ဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့’ ဆောင်ပုဒ်များပါဝင်သော အသိပညာပေး လက်ကမ်း စာစောင် ၅၅၀ စောင်ကို ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေကြသူများ နှင့် မြို့မစည်ပင်သာယာဈေး အပြင်ဘက်တွင် ဈေးရောင်းဈေးဝယ်နေကြသူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် ၅ ကျောင်း နှင့် အလယ်တန်းအဆင့် ၄၃ ကျောင်းတို့မှ အသက် (၁၂) နှစ်အထက် ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၆၅၃ ဦးကို မြို့ပေါ်နှင့် ကျေးရွာများရှိ စုရပ် ၁၈ နေရာတွင် မကြာမီရက်ပိုင်းအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးမည့်အစီအစဉ်များကို ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှတဆင့် မိဘအုပ်ထိန်းသူများထံ အသိပေး အကြောင်းကြား သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။
မြို့နယ်ပြန်/ဆက်