မုဒုံ ဒီဇင်ဘာ ၁၈
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီနိုင်ငံသား တိုင်းဥပဒေအရကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုးကိုင်ဆောင် နိုင်ရေးအတွက် ဒီဇင်ဘာ ၁၇ ရက်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာမှ ပြည်သူများကို အဆိုပါ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးရုံးများ၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော်က ဦးဆောင်ကြီးကြပ်၍ ဝန်ထမ်းများက ကျောက်တလုံးကျေးရွာ၊ ဘဲရမ်းကျေးရွာ၊ ကမာဝက်မြို့ ထောင်ကေးရပ်ကွက်နှင့် ကောပီထော်ကျေးရွာများအတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသေးသည့် အသက်(၁၈)နှစ်နှင့် အထက်ဒေသခံ ပြည်သူများ အသစ်ပြုလုပ်ပေးခြင်း၊ ၃ (က) ၃ ဦး၊ ၆ (က) ၁၃ ဦး၊ လဲလှယ်(၁၄၈) ဦး၊ မိတ္တူ (၁၀၂)ဦး စုစုပေါင်း(၂၆၆)ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်း (၂၀၈) စုကိုစိ စစ်ပေးခြင်း၊ သေဆုံးပယ်ဖျက် (၁၇) ဦးတို့ကို ကျေးရွာများ အရောက် ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဆောင်ရွက်လျက်ရှိရာ မုဒုံမြို့နယ်အတွင်း ယနေ့အချိန်အထိလူဦးရေ(၆၅၀၀)ကျော်ကို ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)