မရမ်းကုန်းမြို့နယ်၌ ပန်းခင်းစီမံချက်​ ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေး ကျင်းပ

မရမ်းကုန်း ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အ​ထွေ​​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ယမန်​​နေ့ နံနက် ၁၀ နာရီအချိန်က ပန်းခင်းစီမံချက်​ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအ​ဝေးတွင် မြို့နယ်ပန်းခင်းစီမံချက်ဥက္ကဋ္ဌ ဦးတင်​​ဇော်​ဇော်​အောင်က အမှာစကား​ပြောကြားပြီး၊ အတွင်းရေးမှူး ဦးခင်မောင်သန်းမှ  ပန်းခင်းမြေပြင်စိစစ်ရန် ကိစ္စများနှင့် နိုင်ငံသားတိုင်း ကိုင်သင့်ကိုင်ထိုက်သည့် ကတ်တစ်မျိုးမျိုး ရရှိရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအ​ကြောင်းအရာများအား ရပ်ကွက်အုပ်ချုပ် ရေးမှူးများသို့ ရှင်းလင်း​ပြောကြားခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)