သီပေါ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွှဲပိုင်းက စာပေချစ်မြတ်နိုးသူ များအသင်း (Book Club) နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံကွန်ပျူတာ သင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်နီလာစိုးက နည်းပညာများ တိုးတက်နေသည့် ကာလတွင် ကွန်ပျူတာကို အခြေခံအဆင့်အနည်းဆုံး တတ်မြောက်ထားသင့်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် လည်း ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်စေရန်နှင့် သတင်းများပေးပို့ခြင်း၊ E-mailများ ပေးပို့ခြင်းများအတွက် ကွန်ပျူတာအခြေခံအဆင့် တတ်ကျွမ်း နားလည်ထားသင့်ကြောင်းစသည်ဖြင့် သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြား ခဲ့ပြီးနောက် Book Club အဖွဲ့ဝင် ဦးမျိုးပိုင် သက်မှ ကွန်ပျူတာအခြေခံနှင့်အသုံးပြုနည်းသင်ခန်းစာများကိုဆက်လက် သင်ကြားပြသ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံကွန်ပျူတာသင်တန်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် Book Club အဖွဲ့ဝင်များတက်ရောက်၍ သင်တန်းကာလမှာ နေ့စဉ်မွန်းလွဲ ၃ နာရီမှ ၅ နာရီ အထိ တစ်လကြာ သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ခင်လေး