နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်ထားသည့် မှတ်တမ်းဓာတ်ပုံများအား ပြည်သူများသိရှိစေရန် မြေစိုက်နံရံကပ်ပြဘုတ် တွင် ပြသ

ပိုင်ကျုံ  ဒီဇင်ဘာ  ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ ပြသလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက်ထားခဲ့သည်။

ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အလွယ်တကူ ဖတ်ရှုလေ့လာပြီး သိရှိဖို့လိုအပ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အကောင်အထည် ဖော်ဆောင်မည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ် မှတ်တမ်းဓာတ်ပုံများနှင့် ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး  ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံ ဗီနိုင်းပိုစတာများကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)