ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် -၁၉ကာကွယ်ဆေးထိုးကြပါစို့ အသိပေးပိုစတာစိုက်ထူ
Oct 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းရှိ ကျောင်းအပ်နှံထားပြီးဖြစ်သော အသက်(၁၂)နှစ် အထက်ကျောင်းသား/သူများအား (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ခြင်းကို ဆေးထိုးစုရပ်(၁၂)ရာတွင် ထိုးနှံပေးမည်ဖြစ်ရာ ကျောင်းသားမိဘများ/ အုပ်ထိန်းသူ များအနေဖြင့် ကြိုတင်သိရှိပြီး ကလေးများနှင့်အတူ လာရောက်၍ ကာကွယ်ဆေးထိုးနှံနိုင် ရန်အတွက် ကျောင်းနေ အရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် -၁၉ကာကွယ်ဆေးထိုးကြပါစို့ အသိပညာပေး ဆိုင်းဘုတ် ပိုစတာများကို ယမန်နေ့ ညနေ ၃နာရီအချိန်က အထက (၂)ကျောင်းရှေ့ နှင့် မြို့မစျေးရှေ့တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။