ကျောက်ကြီး ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်ရှိ Community Centre တွင် (၇၄)နှစ်မြောက်လွတ်လပ် ရေးအထိမ်းအမှတ်အကြိုဆေးရောင်ခြယ်ပြိုင်ပွဲနှင့်စားပွဲတင်တင်းနစ်ပြိုင်ပွဲကိုယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်း ပဆောင်ရွက်ခဲ့သည်။
ကလေးများအားဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ခာကြံ့ခိုင်စေရန်၊ လွတ်လပ်ရေးနေ့ကို အမြဲအမှတ်ရစေရန်နှင့်ကလေးများစာကြည့်တိုက်နှင့် ရင်းနှီးမှူပိုမိုရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်းသိရှိရသည်။
အဆိုပါပြိုင်ပွဲဝင်ကလေးများအား မြို့နယ်ဦးစီးမှူးမှ မုန့်များဖြင့်ဧည့်ခံကျွေးမွေး၍အမှတ်တရလက်ဆောင်များပေး အပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်